Tuesday, December 6, 2016

ဒါပေမယ့်

အရူးတစ်ယောက်၏ကဗျာများ (၂၉)
ဒါပေမယ့်

ဒါပေမယ့်ဟာ အနာဂတ်နဲ့ချိတ်ဆတ်ထားတဲ့ လှလှပပ စကားလုံး
မကောင်းမူအတွတ်လည်း ဒါပေမယ့်ဟာ အဆင်အပြေဆုံး
အဲလိုနဲ့ ဒါပေမယ့် မြို့ပြကြီးထဲမှာ
လူတော်တော်များများဟာ ဒါပေမယ့်ကို ဝတ်ဆင်လမ်းသလား
ဒါပေမယ့် သူတို့မသေပါဘူးလို့ ပြောမရဘူး
ဒါပေမယ့် သူတို့အသက်ပြန်မရှင်ဘူးလည်း ပြောမရဘူး
ဒါပေမယ့်ဟာ တားမြစ်ပိတ်ပင်ချက်မရှိစွာနဲ့ ရှင်သန်ကြီးထွား
ဒါပေမယ့်အစား ဒါပေမယ့်ပဲပြန်သုံး
ဒါပေမယ့်နဲ့ ထိုးနှက်၊ဒါပေမယ့်နဲ့ကြင်နာသနား
တစ်ယောက်ချင်းစီ ကိုင်ဆွဲထား
ဒါပေမယ့် သူတို့ကိုယ်တိုင်တော့ သိရှိမထား
ဒါပေမယ့်ဟာ ပျောက်နေသလားလို့
မတွေးမိဘူးဆိုရင်တောင်
ဒါပေမယ့်ဟာ ပုံစံကွဲပြားပြီး ရှိနေသေးတယ်။
Sep5.2016
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်