မှန်နှင့်ပတ်သတ်သောအယူအစွဲများ
လူအချို့သည်မှန်နှင့်ပတ်သတ်ပြီးအလွန်မှအယူအစွဲပြင်းထန်တတ်ကြပါသည်။မှန်တစ်ချပ်ကျကွဲပြီးဆိုလျှင်အချို့ကနိမိတ်မကောင်းဟု ယူဆကြသည်။နိုင်ငံခြားတွင်မူ မိမိကြောင့်မှန်ကျကွဲပြီဆိုလျှင်ခုနှစ်နှစ်လုံးလုံးကံဆိုးနေတတ်သည်ဟု ယူဆကြသည်။ထိုအပြင်အနောက်နိုင်ငံရှိမိခင်တို့သည်မိမိတို့၏ရင်သွေးငယ်များကို ၁၂လသားမပြည့်မချင်းမှန်ကိုမပြကြပေ။အကယ်၍ ထိုကလေးအား မှန်ကိုပြခဲ့မိသည်ဆိုလျှင် ကလေးငယ်၏ကြီးပြင်းမူရပ်တန့်သွားပြီး ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးတတ်သည်ဟုယုံကြည်နေကြသည်။တစ်ခြားသော အယူအစွဲများကမူ လူသေသောအခါမှန်ကိုဖုံးအုပ်ထားကြခြင်းဖြစ်သည်။မှန်ထဲတွင် ကွယ်လွန်သူကို တွေ့မြင်ရခဲ့သည်ရှိသော ထိုတွေ့မြင်သူသည် မကြာခင်မှာပင် သေဆုံးရတတ်သည်ဟူ၏။တစ်ဖန်အယူသည်းသော အနောက်တိုင်းအမျိုးသမီးအချို့ကလည်း မင်္ဂလာ အဝတ်အစုံဝတ်ဆင်ပြီး မှန်ကိုမကြည့်ကြချေ။သို့သော် လက်ထပ်ပွဲသို့သွားသောအချိန်တွင်မူ သတိုးသားကော၊သတိုးသမီးပါ မှန်ရှေ့တွင်ရပ်ကြသည်။ယင်းသို့ပြုလုပ်ခြင်းသည် ကံကောင်းသည်ဟူ၏။ထပ်မံတွေ့ရှိရသော အယူအစွဲများကြပြန်မူ မှန်ကြည့်နေသူ၏နောက်ပခုံးပေါ်ကျော်၍မှန်ကိုမကြည့်ရချေ။မှန်ထဲတွင် ပုံရိပ်နှစ်ခု ပူးပြီးပေါ်နေလျှင်ပခုံးပေါ်မှအကြည့်ခံရသူမှာသေဆုံးတတ်သည်ဟူပြီး မှန်ကြည့်၍ မိမိကိုယ်မိမိမမြင်တွေ့ရသောအခါတွင်လည်း ထိုသူမှာ သေဆုံးတတ်သည်ဟူ၏။တရုတ်များကမူ မှန်ကိုလက်ဆောင်ရရှိခြင်းမှာ ကံကောင်းခြင်းဖြစ်သည်ဟု ယုံကြည်ထားကြပေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်