Saturday, January 21, 2017

အယ်လီရာဇာ (Eleazar,)

အယ်လီရာဇာ (Eleazar,)

အယ်လီရာဇာသည် မကောင်းဆိုးဝါး ပူးကပ်လျှက်ရှိသောလူကို ဗတ်စပါစီယမ်နှင့် သူ၏သား၊
သူ၏ကပ္ပတိန်၊များပြားသော သူ၏စစ်သားများရှေ့၌
လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လုပ်ပြနိုင်ခဲ့သူဖြစ်သည်။ ထိုသို့ပျောက်ကင်းအောင် လုပ်ပုံလုပ်နည်းမှာ အယ်လီယာဇာသည် ဆော်လမွန်လက်စွပ်ကို ပူးကပ်ခံရသူ၏ ခြေဖဝါးနားတွင်ထားလိုက်သည်။ ပြီးလျှင် ပူးကပ်ခံရသူ၏ နှာခေါင်းပေါက်နားသို့ တိုး၍
ဆော်လမွန်၏ မန္တန်များကို ဖွင့်ဟရွတ်ဆိုသည်။ယင်းမှာ သူကိုထောက်ခံပေးဖို့လည်းဖြစ်သည်။
ပြီးလျှင် ထိုသူ၏နှာခေါ်င်းပေါက်မှတစ်ဆင့် မကောင်းဆိုးဝါးသည် အပြင်သို့ ထွက်သွားလေသည်။ပြီနောက် ပူးကပ်ခံရသူမှာ ရုတ်တရတ်ပြိုလဲကျသွားတော့သည်။အယ်လီယာဇာသည် မကောင်းဆိုးဝါးကို ဘယ်တော့မှပြန်မလာဖို့ စွန့်ပယ်ပစ်လိုက်နိုင်သည်။
ထိုသို့ဖြင့် အယ်လီရာဇာ တွင် စွမ်းအားရှိသည်ဟု လူတို့ယုံကြည်လက်ခံလာကြသည်။
နောက်ထပ်သူ၏နည်းတစ်နည်းမှာ ရေအပြည့်ထည့်ထားသော ဇလုံးတစ်ခုကို အသုံးပြု၍ ပူးကပ်ခံရသူ၏ကိုယ်ထဲမှ
မကောင်းဆိုးဝါးကို ထွက်သွားရန် အမိန့်ပေး ခိုင်းစေလေသည်။ထိုနောက်
ကြည့်နေသူများရှေ့၌
ရေဇလုံကို မှောက်လိုက်သည်။ယင်းမှာ အယ်လီယာဇာသည် မကောင်းဆိုဝါးကို ထုတ်လိုက်နိုင်သည်ဟု ဆိုလိုရင်းပင်ဖြစ်သည်။သူသည်
ဆော်လမွန်၏ အရည်အသွေးနှင့်ညဏ်ပညာတို့ဖြင့် သရုပ်ပြသနိုင်ခဲ့သည်။
သူ၏အကြောင်းပြချက်မှာ ဆော်လမွန်၏အစွမ်း မည်မျှကြီးကျယ်ကြောင်း လူအားလုံးသိဖို့နှင့် ဆော်လမွန်မှာ ဘုရားသခင်၏ချစ်မြတ်နိုးခြင်းခံရသူ တစ်ယောက်ဖြစ်ကြောင်း သိရှိစေလိုခြင်းဖြစ်သည် ဟူ၏။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်