ဆွီဒင်ဘော့
ဆွီဒင်ဘော့သည်၁၈ရာစုတွင် တမလွန်အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့်ရေးခဲ့သော စာရေးဆရာတစ်ယောက်ဖြစ်သည်။သူသည်သေမင်းတံခါးဝသို့ အကြိမ်ကြိမ်ရောက်ဖူးခဲ့ပြီး ဝိညာဉ်လောကမှပုဂ္ဂိုလ်များနှင့် ဆက်သွယ်နိုင်သူတစ်ဦးဖြစ်သည်။တစ်နေ့၌ ဆွီဒင်ဘော့သည်ညနေခင်း၆နာရီအချိန်လောက်တွင်မိတ်ဆွေများနှင့်အတူညစာစားသောက်နေခဲ့သည်။ထိုသို့ညစာစားနေစဉ်အခိုက်တွင်သူသည်ရုတ်တရတ်စိတ်လှုပ်ရှားပြီးတုန်တုန်ရီရီဖြစ်လာကာ စတော့ဟုမ်းမြို့တွင်ကြောက်စရာကောင်းသောမီးကြီးလောင်နေကြောင်း အထိတ်တလန့်ထပြောလေသည်။စတော့ဟုမ်းမြို့သည်သူ၏ဇာတိမြို့ဖြစ်ပြီး ယခုသူရောက်နေသောရိုဟင်ဘတ်မြို့နှင့်မိုင်၃၀၀ခန့်ဝေးလေသည်။ထိုသို့ဖြင့် တစ်အောင့်ကြာလျှင်လောင်နေသောမီးမှာ သူအိမ်အနီးကိုရောက်နေပြီးဖြစ်ကြောင်းထပ်မံပြောပြန်သည်။ထိုနောက်ည၈နာရီခန့်ရောက်သောအခါ သူကသက်ပြင်းချလိုက်ပြီး မီးသည့်သူ့အိမ်အနီးမှာငြိမ်းသွားပြီးဟု အခိုင်အမာပြောလေသည်။နောက်၂ရက်ခန့်ကြာသောအခါ ဆွီဒင်ဘော့ပြောသောအရာများသည် အမှန်တကယ်ဖြစ်ပျတ်ခဲ့ကြောင်း မိတ်ဆွေများသိရှိကြရသည်။ထိုသိုဖြင့် ဆွီဒင်ဘော့ကို မနောစွမ်းအားကောင်းမွန်းသူအဖြစ်ချီမွမ်းခဲ့ကြလေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်