တဒင်္ဂတို့ထိမိတဲ့ အဖြူ
ဝေဝေဝါးဝါး အိမ်မက်တွေပေါ်မှာ
ငါ လျှာအရသာ ခံနေတဲ့သူတော့မဟုက်
လိမ့်ကျတာတော့ ကျမှာပေါ့
လိမ့်ချင်ရာလိမ့်ဆိုပြီး (ဂေါ်လီလုံးလေးလို)
ကျင်းထဲဝင်သွားရင်တော့ အကောင်းသား။
မေတ္တာပို့ ဆုတောင်းနေတာထက်
ပိုကောင်းတဲ့ နေရာများ ရှိလေမလား
ကံကို ခေါစာပစ်ခဲ့သူအတွက်
နေ့စဉ်ဗိုလ်လုပွဲပါပဲ (နေ့စဉ်ရှုံးတယ်)
အမှန်ပြောရင် ရွာပြင်ထုတ်ခံရတဲ့ ခေတ်ကြီးမှာ
တရားမှန်ရင် နတ်စောင့်တာ ဟုက်ပါ့မလား
အမှန်ပြောရင် မုသားပဲ သစ္စာ။
အဲဒီကစလို့ စိတ်ရှိလက်ရှိ ပေါ်က်ကွဲပစ်လိုက်တဲ့အခါ
မတရားမူတွေကို မျက်ကွယ်ပြုပစ်လိုက်တဲ့အခါ
အောင့်အီးထားတဲ့ မောဟတွေကို အန်ချပစ်လိုက်တဲ့အခါ
သစ္စာတရားကို ကိုယ်စားပြုထားတဲ့
လောကကြီးကို ဟားတိုက်ရယ်မောပစ်လိုက်တဲ့အခါ
(သို့)
ခပ်ရဲရဲ နမ်းရှိုက်ကြည့်လိုက်မိတဲ့အခါ
စိတ်ထဲမှာ ရှင်းလင်းသွားတဲ့
အဖြူရောင်နယ်မြေတစ်ခုကို ရောက်ခဲ့တယ်။
စိတ်ချမ်းသာမူဟာ လည်မှာစွတ်ထားတဲ့ ကြိုးတစ်ကွင်းလို
ခလုတ်နှိတ်မှားတဲ့ တေးတစ်ပုဒ်လို
ငါးရှည့်လက်ထဲ ကိုင်ထားရသလိုလိုနဲ့
စိတ်ထဲမှာ မျတ်စိတစ်မှိတ်စာပဲ ကြာခဲ့တယ်။
ပြီးတော့လည်း
ဒီဘက်ကမ်းက ပြန်လာဖို့ခေါ်တော့
ကိုယ့်အိပ်မက် ကိုယ်ပြန်ခေါ်က်သိမ်းခဲ့ရပေါ့။
Dec31.2012
Minsetwai

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်