Wednesday, April 5, 2017

ဝက်​စွယ်​ကင်းပိတ်

ဝက်​စွယ်​ကင်းပိတ်
ဝက်​စွယ်​ကင်းပိတ်​သည်​ သိဒ္ဓိဝင်​ပစ္စည်းတစ်​မျိုးဖြစ်​သည်​။ယင်းကို​တောဝက်​မှရရှိခြင်းဖြစ်​သည်​။သို့​သော်​ သတိပြုရန်​မှာ လူ၊သတ္တဝါတစ်​စုံတစ်​ဦး၏ သတ်​ဖြတ်​မူ​ကြောင့်​​သေရ​သော ​တောဝက်​၏အစွယ်​မှာ သာမန်​​ရောဂါများကုသရာတွင်​အသုံးဝင်​​သော်​လည်း အ​ဆောင်​အဖြစ်​မူ သိဒ္ဓိမဝင်​ပါ​ချေ။
သိဒ္ဓိဝင်​​သော ဝက်​စွယ်​ဟူသည်​မှာ အသက်​အရွယ်​ကြီးရင့်​ပြီးသူ့သဘာဝအတိုင်း​သေဆုံးသွား​သော ​တောဝက်​၏အစွယ်​သာဖြစ်​ပါသည်​။
ထိုဝက်​စွယ်​ကင်းပိတ်​စွမ်း၊မစွမ်းသိရှိလိုလျှင်​တစ်​မိုက်​ခန့်​ ရှည်​​သော ဂုန်​နီကြိုးစကို ဓာတ်​ဆီတွင်​နှစ်​ပြီး ထိုဝက်​စွယ်​ကင်းပိတ်​ဖြင့်​ပြုလုပ်​ထား​သော ဝက်​ရုပ်​က​လေးကို ထိုကြိုး​ပေါ်သို့တင်​ကာ ကြိုးစကို မီးရှို့ကြည့်​ရသည်​။ထိုအခါ ဓာတ်​ဆီရှို့ထား​သော ကြိုးတစ်​​လျှောတ်​မီး​လောင်​စွဲသွားပြီး ဝက်​ရုပ်​က​လေးနား​ရောက်​​သောအခါတွင်​မူ မီးမှာအလိုလိုငြိမ်းသက်​သွားရ​ပေသည်​။ယင်းမှသာဝက်​စွယ်​ကင်းပိတ်​စစ်​​လေသည်​။အမှန်​စင်​စစ်​ ထိုဝက်​စွယ်​ကင်းပိတ်​ကို ဝက်​ရုပ်​ထုလုပ်​ဖို့ မလိုအပ်​​ချေ။ထိုဝက်​စွယ်​ကင်းပိတ်​ကို သဘာဝအတိုင်း အတုံးငယ်​​လေးဖြတ်​ထားပြီးအ​ရေးကြီး​သောအခါ လက်​ယာဘက်​အံတွင်​ကိုက်​ထားရုံမျှဖြင့်​အစွမ်းပြသပါသည်​။ယင်းသည်​ဝက်​ရူးနာ၊​မြွေဆိပ်​၊​ခွေးရူးအဆိပ်​၊ပ​ယောဂ၊အပူနာများနှင့်​​ကျောက်​ဝက်​သတ်​နာများကို အထူးနိုင်​နင်း​လေသည်​။(၁၉၉၇ခုနှစ်​၊မတ်​လထုတ်​၊နက္ခတ္တ​ရောင်​ခြည်​မဂ္ဂဇင်းမှ)

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်