Monday, June 5, 2017

အလွမ်းတွေနဲ့သေနေတဲ့သစ်ပင်(C)

(C)
ကျွန်တော်ရဲ့ နေ့ စဉ်လူနေမူ ဘဝထဲမှာတော့
မနဲ့ ပတ်သတ်ခဲ့တဲ့ အမှတ်တရတစ်ချို့ဟာ ဘယ်တော့မှ ပျောက်ပြယ် မသွားခဲ့ပါဘူး။အဲဒီအလွမ်းတွေဟာ ကျွန်တော်အပေါ်မှာ သစ္စာရှိနေတုန်းပါ။ အချိန်မှန်မှန် သူတို့ ကျွန်တော်ဆီ ရောက်လာတတ်ကြတယ်။ ကျွန်တော်
တစ်ခါတစ်လေ ပျင်းရင် ၃၁လမ်းက tokyo donutမှာ ကော်ဖီ သွားသောက်တတ်တယ်။အဲလို တစ်ယောက်တည်းကော်ဖီသောက်ရတဲ့ အချိန်တိုင်းမှာ မ အကြောင်းကို အမြဲတွေးတောဖြစ်တယ်။ မ ကလည်း ကော်ဖီအရမ်းကြိုက်တဲ့သူတစ်ယောက်လေ။ အလုပ်ထဲမှာဆို မက ကော်ဖီခဏခဏ​သောက်နေတတ်တယ်။
"မ "မရှိတဲ့နောက်​ "မ" က "မ" သောက်နေကျ ကော်ဖီခွက်လေးကို လက်ဆောင်အဖြစ် ထားရစ်ပေးခဲ့တယ်​။ ကျွန်တော်ကော်ဖီသောက်တိုင်း မ ပေးခဲ့တဲ့ အဝါရောင်ခွက်ကလေးနဲ့ အမြဲသောက်ဖြစ်ခဲ့တာပါ။ အခုတော့ အဲဒီ အဝါရောင်ကော်ဖီခွက်ကလေးလည်း အချိန်နာရီရဲ့ ရွေ့လျားမူနဲ့အတူ ပျတ်သုဉ်းသွားခဲ့ပြီပေါ့။ အဲဒီအဝါရောင် ကော်ဖီခွက်ကလေးကို
မက ကျွန်တော်ကိုပေးပေမယ့်​ မ သူငယ်ချင်းတွေကတော့ ကျွန်တော်ကို မ​ပေးချင်ခဲ့ကြပါဘူး။သူတိုက အဲလိုပဲလေ ကော်ဖီခွက်လေးတစ်ခွက်တောင် သဝန်တိုနေတတ်ကြတယ်။ ကျွန်တော်အတွတ်တော့ ဒီခွက်ကလေးက အရေးပါတယ်။တစ်ခါ
တစ်လေမှာ ဒီခွက်ကလေးနဲ့ ကျွန်တော် တို့ ကော်ဖီအတူတူ သောက်တတ်ကြတာကို။ တစ်ခါတစ်လေကျတော့လည်း မက ဒီခွက်ကလေးနဲ့ ကျွန်တော်ကို ကော်ဖီဖျော်တိုက်တယ်။နောက်ဆုံး မ အလုပ်က ထွက်သွားတဲ့အချိန်မှာ ဒီခွက်ကလေးဟာ မရဲ့ကိုယ်စားအဖြစ် ကျွန်တော်ကို အမှတ်တရ ဖြစ်စေတယ်။ ဒါကြောင့် ဒီခွက်ကလေးဟာ ကျွန်တော်အတွက်တော့ အရေးပါခဲ့တယ်။ဒီလိုနဲ့ ကျွန်တော့်အတွေးတွေက မ ဆိုင်မှာရှိတုန်းက အချိန်တွေကို ပြန်ရောက်သွားပြန်တယ်။
မ အလုပ်မထွက်ခင်အချိန်တွေကို ကျွန်တော်ပြန်စဉ်းစားကြည့်မိတယ်။ အဲဒီနေ့က ဆူးလေကားမှတ်တိုင်မှာ ၄၃ဘက်စ်
ကိုစောင်နေရင်းနဲ့ မနဲ့ကိုဦးတို့ စိတ်ဆိုးစကားများကြတာကို ကျွန်တော်ပြန်သတိရသွားမိတယ်​။ကိုဦးက မကိုပြန်မချော့ဘူး။မ မျတ်လုံးထဲက မျတ်ရည်တွေ စီးကျလာတယ်​။အဲဒီမျတ်ရည်တွေဟာ ကျွန်တော်အသဲကို တစစ်စစ်​တိုက်စားသွားစေခဲ့တာပါ။
မ မျက်ရည်ထဲမှာ ပြုစားတတ်တဲ့ အတတ်ပညာတွေ ပါနေမလားပဲ။
ဒီအချိန်မှာ
ညဟာ ညနဲ့မတူဘဲ ရုတ်တရတ်​ ဘီးလူးတေးသွားနဲ့ ကခုန်နေသလိုမျိုးကို ကျွန်တော်ခံစားရတယ်​။ ကိုဦးအနေနဲ့ စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ ချော့လိုက်ရင် အဆင်ပြေနိုင်ရဲ့သားနဲ့ ဘာလို့ ဘုကလန့်ကျတဲ့ စကားတွေပြောနေရတာလဲ။
ကျွန်တော် ခေါ်င်းထဲမှာ မေးခွန်းတစ်ချို့နဲ့အတူ ကြွက်တစ်ကောင် ဝင်သောင်းကျန်းနေသလိုပါပဲ။ အဲဒီလိုမျိုးပဲ။ ကျွန်တော်စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ခံစားချက်​ တစ်ပုံတစ်ပင်ကြီးနဲ့ နေရထိုင်ရခက်လာတယ်​။ကျွန်တော်အတွတ်​ မိန်းမတစ်ယောက်ရဲ့မျတ်ရည်ဟာ အဲဒီလောက်​ အစွမ်းထက်စေခဲ့တာလား။တကယ်တော့ မငိုရတာ ကျွန်တော်ကြောင့်မှမဟုက်တာ။ ကိုဦးကြောင့်ပဲ။ ဒါပေမယ့် ကျွန်တော်ခံစားနေရတယ်။မ မျတ်​ရည်​ဟာ ကျွန်တော်အတွတ် မီးလိုပူနေခဲ့တယ်​။မ အငိုတိတ်အောင်​ကျွန်တော်ဘာလုပ်ပေးရမလဲ။
ကျွန်တော်​တစ်ခုခုလုပ်ပေးချင်တယ်​။ အဲလိုပဲ ကျွန်တော်စိတ်ထဲမှာ ကိုဦးလည်း တစ်ခုခု လုပ်စေချင်ခဲ့တယ်။ ဥပမာ ချော့စေချင်ခဲ့တယ်။ ဒါပေမယ့် ကိုဦးက သူနဲ့မဆိုင်သလို ဆိတ်ဆိတ်နေနေ လေရဲ့။
မကကျွန်တော်​ချစ်သူမှမဟုတ်တာ။ ကျွန်တော်ချစ်သူသာ ဖြစ်ခဲ့ရင် "မ" စိတ်ကောက်တဲ့အခါ မ ကျေနပ်အောင် ချော့မှာ အသေအချာပါပဲ။ အဲအချိန်က မ အနေနဲ့
ကျွန်တော်​မျတ်လုံးတွေ ပျာယာခတ်နေတာကိုတော့ ကြည့်​တတ်ရင်မြင်မှာ အသေအချာပါ။ မျိုသိပ်ထားရတဲ့ဒုဏ္ခဟာ တရိရိတိုက်စားနေတာကို
ကျွန်တော်​လက်မြှောက်အရှုံးပေးရမှာပါ။ ဒီအခြေအနေမှာ ကျွန်တော် ဆိတ်ဆိတ်နေရမယ်ဆိုတာ ကျွန်တော် သိပါတယ်။၄၃ဘက်စ်ကားတွေ ရှေ့မှာ တစ်စီးပြီး တစ်စီး ထိုးရပ်လာပေမယ့် မ က တတ်မလိုက်သွားသေးဘူး။မ ဟာ တစ်ခုခုကို မျော်လင့်စောင့်စားနေတယ်ဆိုတာ ကျွန်တော် ရိပ်မိတယ်။ မ အစား ကျွန်တော် စိတ်ပင်ပန်းခဲ့မိပါတယ်။ နောက်ဆုံး မ စောင့်ဆိုင်းရခြင်းကို သည်းမခံနိုင်တော့တဲ့အခါ ပြန်ဖို့ လုပ်တော့တယ်။"မ"က ကျွန်တော်ကိုအကူအညီတောင်းတယ်။တက္ကစီဌားပေးဖို့ပေါ့။ကျွန်တော် ဌားပေးလိုက်တယ်။စိတ်မချဖြစ်နေရတဲ့ ကျွန်တော်က တက္ကစီ ကားဆရာကို သေချာမှာရင်း တက္ကစီနံပါတ်ကို အလွတ်ကျက်ထားလိုက်တယ်။မ ကို စိတ်မချခဲ့လို့ပေါ့။အဲဒီညတွေပြီးနောက်မှာတော့ ကျွန်တော်ပို ရူးသွပ်လာသလားပဲ။ ညတိုင်း မ ဘေးမှာပဲ ရှိနေချင်တော့တယ်။ မကို ကာကွယ်စောင့်ရှောက်ချင်တဲ့ စိတ်မျိုးတွေ ပိုထွက်ပေါ်လာခဲ့တယ်။ အချစ်ဟာ အဲလိုအားအင်မျိုးရှိကြောင်း တကယ် လက်တွေ့ ကျွန်တော်ခံစားခဲ့ရတယ်။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်